알림마당 Notice

HOME알림마당 Notice공지사항 Notice

နယ်လှည့်အကြံပေးခြင်းအစီအစဉ် (စက်တင်ဘာလ ၁၆ ရက်)

페이지 정보

조회 849회 작성일 18.09.10

본문

ကျနော်များ ဘူဆန် ရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးစင်တာမှ

ရွှေ့ပြောင်းအလုပ်သမားများ၏ အခက်အခဲများကို ဖြေရှင်းပေးရန်နှင့်

အခွင့်အရေး ရပိုင်ခွင့်များ တိုးတက်ရရှိစေရန် ရည်ရွယ်ချက်ဖြင့်

နယ်လှည့်အကြံပေးခြင်း အစီအစဉ်ကို ဆောင်ရွက်လျှက်ရှိပါသည်။

နေ့ရက် – စက်တင်ဘာလ ၁၆ ရက်နေ့ (တနင်္ဂနွေနေ့)

အချိန် – နေ့လယ် ၂ နာရီမှ ၅ နာရီအထိ

နေရာ – ဆာဆန်း လူနေးရှီးတေး အရှေ့ကွင်းပြင် (ဆာဆန်းဂူ ဂွဲဘုတ်ဒုံး)

ဘာသာစကားများ – တရုပ် ၊ ဗီယက်နမ် ၊ အင်ဒိုနီးရှား ၊ အင်္ဂလိပ် ၊ ကမ်မောဒီယား ၊ ကိုရီးယား

အကြံရယူနိုင်မည့် အကြောင်းအရာများ – လုပ်အားခ မရရှိမှု ၊ လုပ်ငန်းခွင်ပြောင်းရွှေ့မှု ၊

အလုပ်သမား အခွင့်အရေး ၊ ဥပဒေဆိုင်ရာ ၊ နေထိုင်ခွင့်ဗီဇာဆိုင်ရာ ၊ ကျန်းမာရေးဆိုင်ရာ

နေ့စဉ်လူနေမှုဘ၀ဆိုင်ရာများ။

ပူးတွဲကျင်းပမည့် ပွဲတော် – အာရှယဉ်ကျေးမှုပွဲတော်

လမ်းညွှန် –

၁) ကားနံပါတ် ၁၁၀၊ ၁၂၃၊ ၁၂၆၊ ၁၃၈-၁၊ ၇၇ စီး၍ လူနေးရှီတေးမှတ်တိုင်တွင် ဆင်းပါ

၂) မိုးပျံရထား – ဂွဲဘုတ်လူနေးရှီတေး ဘူတာတွင် ဆင်းပါ

၃) မြေအောက်ရထား ) လိုင်းနံပါတ် ၂ စီး၍ ဆာဆန်းဘူတာတွင်ဆင်းပါ (မီတာ ၅၀၀ ခန့်)

ဆက်သွယ်ရန် – ဘူဆန်ရွှေ့ပြောင်းအလုပ်သမားကူညီရေးစင်တာ ၀၅၁ – ၃၀၄ – ၄၇၂၂

댓글목록

등록된 댓글이 없습니다.